လဲချား ဩဂုတ် ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု၊ လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်(၉) နာရီအချိန်က အမှတ် (၅၁၅)ခြေမြန်တပ်ရင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ လုပ်ငန်းများကို ပန်းခင်းစီမံချက်ဖြင့် လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာနမြို့နယ်ရုံးမှ ဒု-မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်ဇော်နှင့် ဝန်ထမ်းများက အိမ်ထောင်စု (၄၅)စုရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် မေလ ၃ ရက်နေ့ကစတင်၍ အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
မြို့နယ် ပြန်/ဆက်