နတ်မောက် သြဂုတ် ၂၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူကြီး များအား ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ(၂၇)ရက်နေ့မှ စတင်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်မှာကြားချက်များနှင့်အညီ ထုတ်ချေးပေး လျက်ရှိသည်။
နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ ခုနှစ် ယနေ့ နံနက်(၉)နာရီခွဲအချိန်ခန့်က အင်းကုန်းအုပ်စု၊ တောင်ထောင့်အုပ်စု၊ ဆုံမကျည်းပင်(နောက်ဆက်တွဲ) အုပ်စုများမှ ဘဏ်အဖွဲ့ဝင် တောင်သူ(၁၈၂)ဦးအား စပါး(၂၉)ဧက၊ နှမ်း(၁၁၇၉)ဧကအတွက် ချေးငွေပမာဏ ကျပ်(၁၂၂၂.၅၀)သိန်း ထုတ်ချေးပေးလျက်ရှိပြီး ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့အထိ ကျေးရွာအုပ်စု (၃၀)အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူ (၂၅၆၅)ဦးအား စပါး(၁၀၄၇) ဧက၊ နှမ်း(၁၁၇၂၉) ဧကအတွက် ချေးငွေ ကျပ်(၁၃၂၉၉.၅၀)သိန်း ထုတ်ချေးပေးပြီးဖြစ်ပါကြောင်း ၊ထုတ်ချေးရန် ကျန်ရှိနေသော ကျေးရွာအုပ်စုများမှ ၂၀၂၀ မိုး ပြေကျေသည့် ဘဏ်အဖွဲ့ဝင် တောင်သူဦးကြီးများအား၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း အပြီးသတ်ထုတ်ချေးပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဒေါ်မိုးမိုးသိန်းထံမှ သိရသည်။ လှဝင်း