ဟိုပုံးမြို့ပေါ် (၆) ရပ်ကွက်၌ Local Semi-Lock down ကာလအတွင်း သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိစစ်ဆေး

ဟိုပုံး  နိုဝင်ဘာ ၆

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ မြို့ပေါ် (၆) ၌  Local Semi-Lock down ကာလအတွင်း သတ်မှတ်စည်းကမ်းနှင့်အညီ လိုက်နာမှု ရှိ/မရှိ ယနေ့နံနက် ၈ နာရီအချိန်မှ စတင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှေ့ ပြည်ထောင်စုလမ်းမကြီးတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ၊  မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ လမ်းသွားလမ်းလာ ပြည်သူများအား   မဖြစ်မနေဈေးဝယ် ထွက်ရန်၊ အပြင်ထွက်ရန်ရှိပါက သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ် ရေးမှူး၏ အပြင်ထွက်ခွင့်ကဒ်ပြားပါ/မပါ၊  ဆေးရုံ၊ ဆေးခန်း သွားရောက် ရန်ရှိပါက အုပ်ချုပ်ရေးမှူး ထံအကြောင်းကြား၍ ယာဉ်မောင်းတစ်ဦး အပါ အဝင်(၃)ဦးသာ သွားရောက်ရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံရန်အတွက် နေအိမ်ပြင်ပ ထွက်ခွာပါက ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါ/မပါ၊  နေအိမ် ပြင်ပသို့ သွားလာလျှင် ပါးစပ်နှင့် နှာခေါင်းစည်း Mask တပ်ကြရန် အသိပညာပေး ပြောကြားပြီး နှာခေါင်းစည်း Mask မတပ်ဆင်သူများအား နှာခေါင်းစည်း Mask ဖြန့်ဝေပေးခဲ့ကြသည်။

ဆက်လက်၍ အဆိုပါစည်းကမ်းချက်မလိုက်နာသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test-Kit ဖြင့် အခမဲ့ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

ဟိုပုံးခရိုင်(ပြန်/ဆက်)