နောင်ချို နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ အလှူရှင်များက အလှူငွေများကို ယမန်နေ့က လာရောက် လှူဒါန်းခဲ့ကြောင်း သဖန်းကိုင်း ပရဟိတဆရာတော်ထံမှ သိရသည်။
လှူဒါန်းရာတွင် အလှူရှင်များဖြစ်ကြသော မန္တလေးမြို့ Nine Sisters သူငယ်ချင်းများမှ အလှူငွေကျပ်(၂၅)သိန်း၊ ဦးလှစံ+ဒေါ်နှင်းဖြူမိသားစုမှ အလှူငွေကျပ်(၂) သိန်း၊ မန္တလေးမြို့ ဒေါခင်လှရီ မိသားစုမှအလှူငွေ ကျပ်(၁)သိန်းနှင့်ဆန်၊ ဆီတို့ကို အသီးသီးလှူဒါန်းခဲ့ရာ သဖန်းကိုင်းပရဟိတ ဆရာတော်မှ လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
သဖန်းကိုင်းပရဟိတ ဘုန်းတော်ကြီးကျောင်းတွင် ရဟန်း(၄)ပါး၊ ရှင်သာမဏေ (၃၉)ပါး၊ ကျောင်းဖွင့်ချိန်တွင် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ (၁၆၇)ဦး၊ ဆရာ/ဆရာမ(၁၈)ဦးရှိပြီး ဆရာတော်ကြီးကြပ်မှုဖြင့် သာသနာရေး လုပ်ငန်းများ၊ ပညာသင်ကြားရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူအများစုမှာ ရပ်ဝေးမှ လာရောက်သူများ ဖြစ်ကြောင်း၊ ၎င်းတို့၏ စားရေး၊ သောက်ရေး၊ ပညာသင်ကြားရေး၊ နေထိုင်ရေး၊ ကိစ္စရပ်များကို ဆရာတော်မှအခမဲ့ တာဝန်ယူဆောင်ရွက် ပေးလျက်ရှိကြောင်း၊ အလှူရှင်များကလည်း အလှူငွေများကို ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးပစ္စည်းလေးပါးတို့တွင် အသုံးပြုရန် လှူဒါန်းကြခြင်းဖြစ်ကြောင်း သဖန်းကိုင်းပရဟိတ ဆရာတော်ထံမှ သိရသည်။
ထွေးငယ်၊(ပြန်/ဆက်)