ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ကွင်းဆင်းဆောင်ရွက်

ဒဂုံအရှေ့  နိုဝင်ဘာ ၆

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသူ (၂၈) ဦးအား ယမန်နေ့နံနက် (၁၀) နာရီက အမှတ် (၁၅၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ပေးရာတွင် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ၀န်ထမ်းများက မူလဒေသတွင် အိမ်ထောင်စုရှိပြီး လက်ရှိ ဒေသတွင် အိမ်ထောင်စုမရှိသူများအား မူလဒေသနှင့် ချိတ်ဆက်ဆောင်ရွက် ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများကို ဆောင်ရွက်ပေး ခဲ့ပြီး ပန်းခင်းစီမံ ချက်ဖြင့် ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်း အသက်(၁၀) နှစ် အထက်ရှိသူများ၊ အသက်(၁၈)နှစ်မပြည့်သေးသူများ၊ အသက် (၁၈) နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ် ပေးခြင်း၊ အသစ်လဲလှယ်ပေးခြင်း ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား များ ဆောင်ရွက်ပေးခြင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြို့နယ်လ.ဝ.က ဦးစီးမှူး ဦးသောင်းထွဋ်ဦး နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ရပ်ကွက် များသို့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိပြီး ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ရပ်ကွက်များ အလိုက်ကွင်းဆင်း ဆောင်ရွက်ပေးသွားလျက်ရှိကြောင်း သိရသည်။

အေးမဥ္ဇူ