သတင်းများ

မြို့သစ်မြို့နယ်တွင် ဖီးကြမ်းငှက်ပျောစိုက်ပျိုးခြင်းအား တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ ်စိုက်ပျိုး
Nov 06,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ပုတီးကုန်းကျေးရွာတွင် ဖီးကြမ်းငှက်ပျော စိုက်ပျိုးခြင်းကို ယခင်က တစ်နိုင်တစ်ပိုင်သာ စိုက်ပျိုးကြသော်လည်း အမြတ်များများ ကျန်သည့်အတွက် စီးပွားဖြစ် စိုက်ပျိုးလာကြကြောင်း ဒေသခံငှက်ပျောစိုက် တောင်သူများထံမှ သိရသည်။
ဝါးခယ်မမြို့နယ်ရှိ ကျေးရွာများတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေး နိုင်ရေး ကွင်းဆင်းဆောင်ရွက်
Nov 06,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်​နေ့နံနက် ၈ နာရီက ပုလဲအောင်မြေရပ်ကွက်၊ နန့်အဲလောင်အုပ်စုနှင့် ရွှေကုန်းအုပ်စုရှိ ပြည်သူများအတွက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးနိုင်ရေး ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် လူငယ်များ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် Women Club နှင့် Youth Club များ ဖွဲ့စည်းဆောင်ရွက်
Nov 06,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ လူငယ်မောင်မယ် များ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ တီထွင်ကြံဆမှုနှင့် လုပ်ငန်းစွမ်း ဆောင်ရည်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ကျင်းပပြုလုပ်သည့် Women Club နှင့် Youth Club များ ဖွဲ့စည်း ဆောင်ရွက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲစနစ်ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ
Nov 06,2021
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည်၊ ရွေးကောက်ပွဲတွင် ပြောင်းလဲလာသော ခေတ်အခြေအနေ အရ၊ သင့်လျော်သည့် ရွေးကောက်ပွဲစနစ်မျိုးကို ကျင့်သုံးဆောင်ရွက်နိုင်ရန် အတွက်၊ အချိုးကျ ကိုယ်စားပြုစနစ်(PR) အပါအဝင် ပြောင်းလဲကျင့်သုံးသင့်သည့် ရွေးကောင်ပွဲစနစ်များနှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက် သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
ရေးမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး၊ ဘွား(၁၂၈၀)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ ပေးအပ်
Nov 06,2021
မွန်ပြည်နယ်ရေးမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး၊ ဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ ပေးကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် ကြက်ခြေနီတပ်ဖွဲ့၏ အခြေခံရှေးဦးသူနာပြုစုနည်းနှင့် စံချိန်စံညွှန်းမီ ရှေးဦးသူနာပြုစုနည်း သင်တန်းဖွင့်လှစ်
Nov 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ၂၀၂၁-ခုနှစ် တွင် ပြောင်းလဲသွားသော ရှေးဦးပြုစုခြင်းဘာသာရပ်အား တပ်ဖွဲ့ဝင်များ
ကျိုက်လတ်မြို့နယ် ရုံးဒေါင့်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ( ၃၅၈) ခုအား နေ့ချင်းပြီး ဆောင်ရွက်ပေး
Nov 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့် သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ရုံးဒေါင့်ကျေးရွာအုပ်စု တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။