ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး

ကော့သောင်း နိုဝင်ဘာ ၆

ကော့သောင်းခရိုင် ၊  ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်း မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို  ကိုဗစ်၁၉ရောဂါ ထိန်းချုပ်မှု လုပ်ငန်းစည်းကမ်းချက်များနှင့် အညီ  စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက်အတွင်း ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

လက်ရှိကူးစက် ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေး  ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်အကြံပြုချက်များနှင့်အညီ ကော့သောင်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်(၁၀)နှစ်ပြည့်ပြီး မိသားစုဝင်များနှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများ၊ အကြောင်းကြောင်းကြောင့် နိုင်ငံသား ကတ်ပြား ပျောက်ဆုံးပျက်စီးသူများ၊  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ရန် ကျန်ရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား ပန်းခင်း စီမံချက်ဖြင့် (၁၈) လကြာ အချိန်ယူကာ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့ဆောင်ရွက်မှုအဖြစ် မြို့ပေါ်ရပ်ကွက် တစ်ခုဖြစ်သည့် ရွှေဟင်္သာရပ်ကွက်ပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

 ကျော်စိုး (ကော့သောင်း)