မိုင်းငေါ့ နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ကျောက်မဲ ခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိပြီး ကိုဗစ်-၁၉.ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်း စကားသံအချို့ကို ဖော်ပြပေးလိုက်ပါသည်။
ကျွန်တော်အမည်က မောင်စံမင်းအောင် ဖြစ်ပါတယ်ခင်ဗျာ၊ အသက်က (၁၉)နှစ်ပါ၊ ဈေးရပ်ကွက် မိုင်းငေါ့ မှာနေထိုင်ပါတယ် ၊ ပညာအရည်အချင်းကတော့ ပထမနှစ် ဒဿနိကဗေဒ လားရှိုးမှာ တက်ရောက် ရမှာဖြစ်ပါတယ် ၊ ကျွန် တော် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးကို နှစ်ကြီမ်လုံး ထိုးနှံပြီးပါ ပြီ၊ ကာကွယ်ဆေး ထိုးပြီးတော့ လက်မောင်း အောင့်တာပဲရှိပါတယ်၊ ခေါင်းကိုက်တာ ၊ဖျားတာ၊အန်တာ၊ ညောင်းညာ ကိုက်ခဲတာတွေ မဖြစ်ပါဘူး၊ တကယ်လို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကိုမ ထိုးထားဘူး ဆိုရင် တစ်ခြား မြို့ရွာတွေကိုသွားလာဖို့ အဆင်မပြေပါဘူး ၊ယခုလို ကာကွယ်ဆေး ထိုးနှံထားပြီးပြီဆိုရင် ရောဂါကူးစက်မှာ ကိုလည်း မကြောက်ပါဘူး၊ ဒါကြောင့် ကျွန်တော် ပြောချင်တာက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက သတ်မှတ်တဲ့နေ့ရက်အလိုက် ထိုးနှံ ပေးနေတာဖြစ် တဲ့အတွက် ကာကွယ်ဆေးမထိုး ရသေးသူများ ကာကွယ်ဆေး ထိုးနှံပေးကြပါ လို့ တိုက်တွန်း ပြောကြားလိုက်ရပါတယ်၊ ကျွန်တော်တို့ ပြည်သူတွေ ကာကွယ်ဆေး ထိုးနှံလို့ရအောင် စီစဉ်ဆောင်ရွက် ပေးကြသော လူကြီးမင်းများ အားလုံးကိုလည်း ကျေးဇူး အထူးတင်ရှိပါတယ်ခင်ဗျာ။
မြင့်မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)