မင်းလှမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန် ထုတ်လုပ်နည်း ပညာသင်တန်းဆင်းပွဲပြုလုပ်

အထက်မင်းလှ နိုဝင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာနနှင့် မကွေးတိုင်းဒေသကြီး အသေးစား စက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူး‌ပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်နည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့၊ နေ့လယ် ၂ နာရီက မင်းလှမြို့နယ် ဥယျာဥ်ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရ သည်။

အခမ်းအနားတွင် မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က     အမှာစကား ပြောကြားရာတွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများ ရရှိ‌စေရန်၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့် သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် သင်တန်းတွင် သင်ကြားပေးခဲ့သည့် စာတွေ့လက်တွေ့ ပညာရပ်များဖြင့် မိသားစု ဝင်ငွေတိုးပွားရေးအတွက် အသုံးချ‌ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပြီး၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးဦးဝေလင်းမောင်က သင်တန်းတွင် သင်ကြားပေးခဲ့သည့် သင်ခန်းစာများကို လက်တွေ့ အသုံးချ လုပ်ကိုင်ဆောင်ရွက်ကြရန်နှင့်   အသက်မွေးဝမ်းကျောင်းအ ထောက်အကူပြု လူသုံး ကုန် ထုတ်လုပ်နည်းသင်တန်း ဖွင့်လှစ်သင်ကြား‌ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက် မ‌ကွေးတိုင်းဒေသကြီး အသေးစားစက်မှု လုပ်ငန်း ဦးစီးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဒေါ်ခင်စိုးစိုးစံက   သင်တန်းတွင်သင်ကြားပေးခဲ့သည့် ဘာသာရပ်များအား   ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်  သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းနည်းပြ ဆရာ/ ဆရာမများအား ဂုဏ်ပြု မှတ်တမ်းလွှာများ‌‌ ပေးအပ်ခဲ့သည်။

အဆိုပါ    အသက်မွေးဝမ်း‌ကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ် နည်း ပညာသင်တန်းကို သင်တန်းသား/ သင်တန်းသူ ၂၀ ဦးအား နိုဝင်ဘာလ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ  စာတွေ့လက်တွေ့ သင်ကြားပေးခဲကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)