လောင်းလုံး နိုင်ဝင်ဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကိုဗစ်- ၁၉ ကွင်း ဆက်များ ပြတ်တောက်စေရန်နှင့် အပြင်ထွက်တိုင်း နှာခေါင်းစည်း Mask များ တပ်ဆင်ကြရန်၊ ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ ညနေ (၄) နာရီအချိန် က လောင်းလုံးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့နှင့်လမ်းဆုံလမ်းခွ နှင့် စျေးဆိုင်များတွင် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
အသိပညာပေး ဆောင်ရွက်ရာတွင် လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးနှင့် ဌာနဆိုင်ဝန်ထမ်း များက ကားလမ်းမကြီးပေါ်၊ လမ်းဆုံလမ်းခွများတွင် လမ်းသွားလမ်းလာ ဖြတ်သွား လာသူများအား Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး မြို့ပေါ်ရှိစားသောက်ဆိုင်၊ ကုန်စုံဆိုင်များအား နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်ပြီးမှ အရောင်း အဝယ်ပြုကြပါရန်နှင့် ကိုဗစ်-၁၉ ရောဂါအား ပေါ့ဆလို့ မရသေးပါကြောင်း လမ်းညွှန် အသိပေး မှာကြားခဲ့သည်။
အဆိုပါ ဆောင်ရွက်ရာတွင် လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သိန်းသိန်း(ပြန်/ ဆက်)