မြို့သစ် နိုဝင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ပုတီးကုန်းကျေးရွာတွင် ဖီးကြမ်းငှက်ပျော စိုက်ပျိုးခြင်းကို ယခင်က တစ်နိုင်တစ်ပိုင်သာ စိုက်ပျိုးကြသော်လည်း အမြတ်များများ ကျန်သည့်အတွက် စီးပွားဖြစ် စိုက်ပျိုးလာကြကြောင်း ဒေသခံငှက်ပျောစိုက် တောင်သူ များထံမှ သိရသည်။
ငှက်ပျောပင်များ စိုက်ပျိုးသည့်အခါ သားတက်များကို အရွယ်ငယ်ငယ်နှင့် စိုက်ပျိုး သည့်နည်းဖြင့် စိုက်ပျိုးလျှင် အဖီးများ များကျပြီး ၉ လနှင့် ၁၀ လကြာမှ ငှက်ပျော ခိုင်ထွက်သည်။ စိုက်ပျိုးရာတွင်လည်း အများဆုံး သားတက်ငယ်ကိုသာ အများဆုံး စိုက်ပျိုးခဲ့ကြသည်။ ဒါကြောင့် စိုက်ခင်းပိုင်ရှင်များက သားတက်ငယ်ငယ်ကိုသာ အများဆုံး စိုက်ပျိုးကြသည်။
အဆိုပါ ငှက်ပျောဆို့များကို စိုက်ပျိုးပြီး ၁၀ လကြာလျှင် ငှက်ပျောခိုင်ထွက်၍ အခိုင် ထွက်ပြီး ၃ လလောက်ဖြင့် ခုတ်၍ ရောင်းချလို့ ရကြသည်။ သားတက်ငယ်ငယ်ဖြင့် စိုက်ပျိုးပါက ငှက်ပျောခိုင် တစ်ခိုင်လျှင် ငှက်ပျောဖီး ၁၂ ဖီးအထိ ပါရှိ၍ ရောင်းဝယ် သူများအနေဖြင့် ရောင်းသူလည်းကြိုက်၊ ဝယ်သူလည်း ကြိုက်ဖြစ်ခဲ့သည်များကို ငှက်ပျောစိုက်တောင်သူ ဦးဘီအောင်ထံမှ သိရသည်။
တောင်သူများအနေနဲ့ ယခင်က တစ်နိုင်တစ်ပိုင်သာ စိုက်ပျိုးထားသော်လည်း စိုက်ပျိုးပြီး အထူးဂရုစိုက်စရာမလိုဘဲ ငှက်ပျော လက်များ လှီးဖြတ်ပေးရခြင်း၊ ငှက်ပျောခိုင်ခုတ်၍ ရောင်းချရခြင်းလောက်သာ ပြုလုပ်ပေးရကာ အရင်းနည်းပြီး အမြတ်များ များ ရရှိသောကြောင့် ငှက်ပျောခြံများကို ဧကများများ စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုးထားတာပါ'' ဟု မြို့သစ်မြို့နယ် ပုတီးကုန်း ကျေးရွာမှ ဖီးကြမ်းငှက်ပျောခြံပိုင်ရှင် ထံမှပြောပြသိရှိရသည်အလားတူ မြို့သစ်မြို့နယ် ပုတီးကုန်းကျေးရွာတွင် သာမက မြို့လုလင်ကျေးရွာများတွင်လည်း ငှက်ပျောစိုက်တောင်သူများ ပို၍များစွာ စိုက်ပျိုး ထားလျက်ရှိကြောင်းသိရသည်။
ကိုဇော်( ပြန်/ဆက်)