အုတ်ဖို နိုဝင်ဘာ ၆
ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ နှောကုန်းကျေးရွာတွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းပြီး၊ မန်းကျည်ပင် အမြစ်ပွ၍ နေအိမ်ပေါ်သို့ လဲပြိုမှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် ၁ လုံးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့မွန်းလွဲပိုင်းက ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေပေးအပ်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် သာယာဝတီခရိုင် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာနှင့် ဝန်ထမ်းများက မန်းကျည်းပင်အမြစ်ပွ၍ နေအိမ်ပေါ်သိုလဲပြိုမှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် ၁ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၀၀၀၀)ကျပ် လူဦးရေ(၄)ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ (၈၄၀၀)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၃၈၄၀၀)ကျပ်အား ပျက်စီးနေအိမ် မိသားစုဝင်များအား လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)