ဝါးခယ်မမြို့နယ်ရှိ ကျေးရွာများတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေး နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဝါးခယ်မ နိုဝင်ဘာ ၆

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ  “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ယမန်​နေ့နံနက် ၈ နာရီက ပုလဲအောင်မြေရပ်ကွက်၊ နန့်အဲလောင်အုပ်စုနှင့် ရွှေကုန်းအုပ်စုရှိ ပြည်သူများအတွက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးနိုင်ရေး ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုး၏ဦးဆောင်မှုဖြင့် ဝန်ထမ်းများက အဖွဲ့များခွဲကာ ပုလဲအောင်မြေ ရပ်ကွက်၊ နန့်အဲလောင်အုပ်စုနှင့် ရွှေကုန်းအုပ်စုရှိ  ကျေးရွာနေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် အသက်(၁၀)နှစ်ပြည့်(၁၂၉)ဦး၊ အသက် (၁၈)နှစ်ပြည့် (၆၅)ဦး၊ လဲလှယ်(၃)ဦး၊ စုစုပေါင်း(၁၉၇)ဦးနှင့် ပြောင်းရွှေ့ အိမ်ထောင်စု (၆)စုတို့အား ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။

စောသန္တာဦး(ပြန်/ဆက်)