ဖျာပုံမြို့နယ် ကျိုက္ကဘာကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဖျာပုံ နိုဝင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနရုံးမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့ " ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက ဖျာပုံမြို့နယ် ကျိုက္ကဘာ ကျေးရွာအုပ်စုတွင် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျေးရွာရှိ ပြည်သူများ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးရခြင်းနှင့် ပတ်သတ်၍ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးမှ ရှင်းလင်းပြောကြားပြီး မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို နေ့အလိုက်နေ့ချင်းပြီး ထုတ်ပေး နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖျာပုံမြို့နယ် ကျိုက္ကဘာကျေးရွာ အုပ်စုရှိ အသက်(၁၀)နှစ် ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသူများ၊ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများ၊ မှတ်ပုံတင်အသစ် လဲလှယ်ခြင်း များကို ပြုလုပ်ဆောင်ရွက်ပေးရာတွင် လူဦးရေ(၁၂၇) ဦးနှင့် အိမ်ထောင်စုစာရင်း မရှိသူ (၃၀) စုအား အိမ်ထောင်စု အသစ် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း မြို့နယ်လူဝန်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဦးစီးမှူးရုံးမှ သိရှိရသည်။

အောင်ဝင်းနိုင်