ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးလာရောက်သူများ လက်အလှပန်း ချီဆွဲမှုများပြားလာ

ညောင်ဦး  နိုဝင်ဘာ  ၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှဘုရားဖူးလာရောက်သူများ ဘုရား၊စေတီ၊ သာသနိက အဆောက်အဦး ပတ်ဝန်းကျင်တွင်ဖွင့်လှစ်ထားသည့် လက်အလှပန်းချီဆိုင်များတွင် လက်အလှပန်းချီဆွဲမှု များပြားလာခြင်းကြောင့် မိသားစုဝင်ငွေအထိုက်အလျောက်ဝင်ငွေ ရှိလာကြောင်း ရွှေစည်းခုံ ဘုရားတွင် လက်အလှပန်းချီဆွဲနေသည့် ဒေါ်ခိုင်ဇာထွန်းထံကသိ ရသည်။

ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာဖြစ်ပွားချိန်မှစတင်ပြီး ဂေါကပရှိသည့် ဘုရား ၁၉ဆူ ပိတ်ထားခဲ့ပြီး မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်မှုနည်းပါးခဲ့ခြင်းကြောင့် ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြင်းလှည်း၊ တုတ်တုတ်၊ အီးဗိုက်၊တိုးကား၊ တိုးဂိုက်၊အငှား လိုက်သူများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်၊မိုးတယ်၊တည်းခိုခန်းများ ဘုရားဖူးလာရောက်မှု နည်းပါးခြင်းများက ဧည့်သည်များမှီခိုလုပ်ကိုင်ရသည့် ပုဂံ-ညောင် ဦးဒေသအတွက် ခက်ခဲမှု ဖြစ်လာခဲ့သည်မှာ နှစ်နှစ်နီးပါးရှိခဲ့ပြီဖြစ်ကြောင်း၊ ယခုနှစ် သီးတင်းကျွတ်လပြည့် နေ့မှစတင်ပြီး ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး၊လေ့လာရေး လာရောက်လျက်ရှိကြရာ ဘုရားဖူးခရီးသည် တဖြည်းဖြည်းများပြားလာခဲ့ပြီး မြင်းလှည်းအငှား လိုက်သူများ၊ အီးဗိုက်အငှားလိုက်သူများ ပြန်လည်တဖြည်းဖြည်းများလာပြီး၊ မိသားစုဝင်ငွေ ဖြည့်တင်းလာနိုင်ခြင်းနှင့်အတူ နောက်ထပ် ပြည်တွင်းဘုရားဖူးများ တဖြည်းဖြည်းများလာခြင်း ဖြင့် ပုဂံ-ညောင်ဦးဒေသခံများ စီးပွားရေးပြန်လည်အဆင်ပြေလာနိုင်ကြောင်း လက်အလှပန်းချီ ရေးဆွဲနေသည့် ဦးတင်စိုး ကရှင်းပြသည်။ပုဂံဒေသတွင် လက်အလှပန်းချီရေးဆွဲမှုများ ခေတ်စား နေခဲ့ရာ မြန်မာ ပြည်အရပ်ရပ်မှဘုရားဖူးလာ ပြည်သူများလက်အလှပန်းချီရေးခြယ်မှု မြင့်တက် လာနေပြီး ပုံစံအမျိုးမျိုးဖြင့်ရေးဆွဲကြကြောင်း၊ မိန်းခလေး၊ ယောကျ်ားလေး လူကြီး၊လူငယ်၊ လူလတ်များအားလုံး လက်ရေးပန်းချီတတ်မြောက်ကြကာ ငါးရာကျပ်မှ ငါးထောင်ကျပ်တန်ထိ လက်အလှပန်းချီဆွဲပေးကြကြောင်း၊ တစ်ရက်ခံ၊ နှစ်ရက်ခံမှ တပတ်ခံထိရေးဆွဲကြကာ သုံးစွဲ သည့် ဆေးအပေါ်မူတည်ကာဈေးကွာခြားကြောင်း၊ ယွန်းလုပ်ငန်းဖွံ့ဖြိုစဉ်က ယွန်းလုပ်သမ များ၊ယွန်လုပ်သားများ လက်အလှပန်းချီဆိုင်များဖွင့်လှစ်ကာ မြန်မာပြည် အရပ်ရပ်မှဘုရားဖူး များကလည်း လက်အလှပန်းချီ၊ လက်ဆွဲပန်းချီများဆွဲလာခြင်းက ပုဂံ -ညောင်ဦးမြို့ခံများ အလုပ်အကိုင်အခွင့်လမ်းများရရှိလာစေပြီး မိသားစုဝင်ငွေလည်းဖြည့် ဆည်းပေးနိုင်တော့မည် ကြောင်း ရွှေစည်းခုံဘုရားတွင် လက်ရေးပန်းချီရေးဆွဲနေသည့် မပန်းမြတ်လှကရှင်းပြ၍သိရကာ လက်အလှပန်းချီရေးဆွဲသူများပြားလာကြောင်းလည်း သိရသည်။

ကိုထိန်၊KPD