သီပေါမြို့နယ်တွင် Pilot Project အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိ
Nov 07,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိအသင်း အဖွဲ့များ ပါဝင်သည့် ပူးပေါင်း အဖွဲ့တို့သည် Pilot Project အစီအစဉ်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ၊ ဈေးရောင်းချသူများ၊ ဘုန်းကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်များသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက သီပေါမြို့၊ ရေဟော်ကျောင်းတိုက်ရှိ ရဟန်း၊ သာမဏေများကို ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။