လေရှီး နိုဝင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ အရှေ့ဘက်ခြမ်း၊ အုပ်စု (၃) အုပ်စုတွင် စတုတ္ထအသုတ် (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နိုဝင်ဘာလ (၃) ရက်နေ့မှ (၅) ရက်နေ့အထိ မြို့နယ်သာသနာရေးမှူး ဦးကျော်ကျော်ဟန် ဦးဆောင်၍ ကျန်းမာရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့မှ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံရာတွင် လေရှီးမြို့နယ်၊ အရှေ့ဘက်ခြမ်းအုပ်စု (၃)အုပ်စုနှင့် ကျေးရွာပေါင်း(၁၈)ရွာမှ လူဦးရေ (၃၀၅) ဦး တို့အား စတုတ္ထအသုတ် (ဒုတိယအကြိမ်) ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဆိုင်းသား(လေရှီး)