လဟယ် နိုဝင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက် (၉) နာရီအချိန်က အသက် (၁၂) နှစ်မှ (၁၈) နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးကို ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားကြမည့် အသက် (၁၂) နှစ်မှ (၁၈)နှစ် အထက် ကျောင်းသူ၊ ကျောင်းသား အားလုံးကို ထိုးနှံ ပေးသွားမည်ဖြစ်ပြီး ပထမအသုတ်တွင် ကျောင်းသား၊ ကျောင်းသူ(၇၆၁)ဦးနှင့် ယခု ဒုတိယအကြိမ် (ပထမအသုတ်)တွင်(၁၆၂)ဦးတို့အား ထိုးနှံပေးခဲ့ပြီး အလားတူ ကျေးရွာများရှိ အခြေခံပညာကျောင်းများကိုလည်း လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း လဟယ်မြို့အထက်တန်း ကျောင်းအုပ်တာဝန်ခံ ဆရာကြီး ဦးယာကမ်၏ ပြောပြချက်အရ သိရသည်။
ပါမင်းလှိုင် (လဟယ်)