ဂွ နိုဝင်ဘာ ၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက် ၉ နာရီမှ ညနေ(၁၈:၄၅) နာရီအထိ တိုင်ကျိုးကျေးရွာ သာသနာ့မာန်အောင် ဘုန်းတော်ကြီးကျောင်းတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီး မှူးရုံးမှ ဒုလဝကမှူး ဦးအောင်အောင်နှင့် ဝန်ထမ်းများက တိုင်ကျိုးကျေးရွာရှိ ကျေးရွာနေ တိုင်းရင်းသားများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဥပဒေနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ အသက် (၁၈)နှစ်အောက် ကျား(၉)ဦး၊ မ(၄)ဦး၊ အသက် (၁၈)နှစ်အထက် ကျား(၆)ဦး၊ မ(၈)ဦး တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ပြီး လဲလှယ်/မိတ္တူ ကျား(၈)ဦး၊ မ(၈)ဦးတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်