မိုင်းပျဉ်း နိုဝင်ဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ရန်ကျန်ရှိသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ယမန်နေ့ နေ့လယ် ၁၁ နာရီမှ စတင်၍ တာကော်ကျေးရွာအုပ်စု၊ အခြေခံပညာအလယ်တန်းကျောင်း(၇)မိုင်ခန်းမတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac)မထိုးနှံမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ဆေးတစ်ခုခုနှင့် ဓာတ်မတည့်သော ရောဂါရှိ/မရှိ၊ အတက်ရောဂါစသည့် ဦးနှောက် အာရုံကြောဆိုင်ရာ ရောဂါရှိ/မရှိနှင့် သွေးမတိတ်ရောဂါရှိ/မရှိတို့ကို မေးမြန်းပြီးမှသာ ကျောင်းသား(၁၂)ဦးနှင့် ကျောင်းသူ(၃၅)ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၄၈)ဦးကို ကာကွယ် ဆေးထိုးနှံပေးခဲ့ပြီး မိနစ်(၃၀) စောင့်ကြည့်ပြီးမှသာ ဆေးထိုးစုရပ်မှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက်(၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူ(၁၂၇၄)ဦးရှိပြီး ဆေးထိုးစုရပ်အဖြစ်(၂၈)နေရာတွင် သတ်မှတ်နေ့ရက်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac)ထိုးနှံပေးခဲ့ရာ အောက်တိုဘာ ၁၇ ရက်နေ့မှ ယနေ့အထိ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၄၄၂)ဦးနှင့် အထက်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူ (၉၀)ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၅၃၂)ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီးခဲ့ပြီး ထိုးနှံရန်ကျန်ရှိသူ(၇၉၀)ဦးအား ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် သတ်မှတ်စုရပ်နေရာများတွင် သတ်မှတ်နေ့ရက် အလိုက် ထိုးနှံပေးသွားမည်ဖြစ်ရာ ဆေးထိုးနှံရာတွင် လိုအပ်သည့်ကိစ္စအဝဝတွင် ကူညီဆောင်ရွက် ပေးနိုင်ရန်အတွက် ဆေးထိုးနှံရေးအဖွဲ့များအား ဖွဲ့စည်းတာဝန်ပေးအပ်ကာ ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)