ကျောက်တံခါးမြို့နယ်၌ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ စတင်ထိုးနှံပေး

ကျောက်တံခါး နိုဝင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံ ရသေးသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ အခြေခံပညာအထက်တန်း (ကျောက်တံခါး) ကျောင်းတွင် စတင်ထိုးနှံပေးလျက် ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံနေမှု အခြေအနေများကို လိုက်လံကြည့်ရှု အားပေးစကား ပြောကြားခဲ့သည်။

 ထို့နောက် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ကျောင်းသား ကျောင်းသူများအား အားသတ်မှတ်နေရာသို့ လိုက်ပါပို့ဆောင် ပေးခြင်း လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးခြင်း စာရင်းမှတ်တမ်းရေးသွင်းခြင်း ကောက်ယူခြင်း ကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

အဆိုပါ (၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ကျောက်တံခါး မြို့နယ်အတွင်းရှိ ပဲနွယ်ကုန်း၊ တောကျွဲအင်း၊ ဖဒိုဒေသများတွင်လည်း တပြိုင်နက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စန်းစန်း