မြိတ်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ကျေးရွာအရောက် ကွင်းဆင်းပြုလုပ်ပေးလျက်ရှိ

မြိတ်   နိုဝင်ဘာ   ၇

နိုင်ငံသားတစ်ဦးချင်းစီ၏ နိုင်ငံသားအခွင့်အရေးများ ရရှိစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ကျေးရွာအရောက် ကွင်းဆင်းပြုလုပ်ပေးလျက်ရှိရာ ယနေ့တွင် မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာနှင့် ပပြင်ကျေးရွာရှိ ပြည်သူများအား ကျေးရွာအရောက် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ် မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများမှ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိသည်။  

ကျေးရွာအရောက် ကွင်းဆင်းပြုပေးလျက်ရှိသည့် စန္ဒဝတ်ကျေးရွာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ရန် စာရင်းပေးထားသူ(၁၂၀၀)ကျော်ရှိပြီး ပပြင်ကျေးရွာတွင် စာရင်းပေးထားသူ(၃၀၀)ကျော်ရှိကြောင်း၊ အဆိုပါ ကျေးရွာ(၂)ရွာတွင် အသက်(၁၀)နှစ်ပြည့်နှင့် (၁၈)နှစ်ပြည့်ပြီးသူများ၊ ယာယီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် သာမန်အိမ်ထောင်စုလူဦးရေစာရင်းများကို  မြိတ်မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဒေါ်ခင်လင်း ဝေ ဦးဆောင်သောအဖွဲ့နှင့် လဝကမှူး ဦးစိုးနိုင်လွင် ဦးဆောင်သောအဖွဲ့ အဖွဲ့(၂)ဖွဲ့ဖြင့် ပြုလုပ် ပေးလျက်ရှိပြီး မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေက စီမံကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက်ရဲ့ ဆောင်ပုဒ်အတိုင်း နိုင်ငံသား များအားလုံး၏ လက်ထဲတွင်  နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ရရှိစေ ရန် ဥပဒေနှင့်အညီ ဖြေလျော့မှုများဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ မြိတ်မြို့နယ်တွင် ပန်းခင်း စီမံချက် စတင်ဆောင်ရွက်သည့် မေလ(၃)ရက်မှ အောက်တိုဘာလကုန်အထိ သာမန် အိမ်ထောင်စုလူဦးရေစာရင်း (၃၈၅၉)စောင်၊ ယာယီရွေ့ပြောင်း(Migrant) အိမ်ထောင်စုလူဦးရေ စာရင်း (၁၆၀၉)စောင် စုစုပေါင်း(၅၄၆၈)စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ် ၃-က (၁၁၀၅) ကတ်၊ ၆-က (၁၃၄၀)ကတ်၊  စုစုပေါင်း (၂၄၄၅)ကတ် အခမဲ့ ပြုလုပ်ပေးခဲ့ပေးခဲ့ပြီးဖြစ်ကြောင်း  မြိတ်မြို့နယ်ဦးစီး မှူးရုံးမှ သိရသည်။

ခိုင်ထူး (ပြန်/ဆက်)