မေတ္တာမြို့၊ ဟိန္ဒားကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများရရှိရေး ကွင်းဆင်းဆောင်ရွက်

မေတ္တာ     နိုဝင်ဘာ    ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၌ ထားဝယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း များကို နိုဝင်ဘာလ(၆)ရက်မွန်းလွဲ (၁)နာရီအချိန်က စတင်၍ဟိန္ဒားကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ထားဝယ်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးကျော်ကျော်နိုင်နှင့် ဝန်ထမ်းများက ဟိန္ဒားကျေးရွာ အုပ်စုအတွင်း နေထိုင်လျက်ရှိသည့် ကျေးလက်နေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များကို အသက် (၁၆-နှစ်ပြည့်၊ ၁၈-နှစ်ပြည့် ပြုလုပ်ပေးခြင်း၊ အသက် (၁၈)နှစ်ပြည့် လဲလှယ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်း၍  မေလမှစတင်ကာ ဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့ မွေးဖွားရာ ဇာတိတွင် အမြဲနေထိုင်ကာအိမ်ထောင်စုလူဦး ရေစာရင်းရှိပြီး ကိုင်ဆောင် လက်မှတ် မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများနှင့် ရွှေ့ပြောင်းနေသူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများကို ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ်၊ ဦးစီးမှူးရုံးမှ သိရသည်။

အဆိုပါ ဆောင်ရွက်ရာတွင် ထားဝယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်ကျော်နိုင်နှင့် ဝန်ထမ်းများ၊ မေတ္တာမြို့နယ် မြေရဲစခန်းမှဒုရဲအုပ် ရန်နိုင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းမှ ဗိုလ်ကြီးအောင်မြင့်ဟိန်းနှင့် တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တို့က ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နန်းခလိုက်(မေတ္တာ)