ဓနုဖြူ နို၀င်ဘာ ၇
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ ကင်ပွန်းချောင်း ကျေးရွာအား မိမိရပ်ရွာတွင် သဘာ၀ပတ်၀န်းကျင် ကာကွယ်ထိန်းသိမ်းရေးနှင့် အစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖော်ဆောင်ရာတွင် စွမ်းစွမ်းတမံ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို ဧရာ၀တီ တိုင်းဒေသကြီးရုံး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် ယမန်နေ့က ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနား၌ မိမိရပ်ရွာတွင် သဘာ၀ပတ်၀န်းကျင် ကာကွယ်ထိန်းသိမ်းရေးနှင့် အစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖော်ဆောင်ရာတွင် စွမ်းစွမ်းတမံ ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ ကင်မွန်းချောင်းကျေးရွာမှ စံပြစုရရှိခဲ့၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ မှတ်တမ်းတင် ဂုဏ်ပြုခြင်းအပေါ် တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်မှ ကျေးရွာကော်မတီများထံသို့ ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)