မင်းလှမြို့နယ်၌ အောက်ဆီဂျင်စက်စတင်လည်ပတ်နေမှုအား မြို့နယ်စီမံအုပ်ရေးအဖွဲ့မှ ကြည့်ရှုစစ်ဆေး
Nov 08,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် အောက်ဆီဂျင်လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေထောက်ပံ့ပေးမှု၊ မြို့နယ်အတွင်းရှိ ပြည်သူများ၏ပူးပေါင်းပါဝင် ထည့်ဝင်လှူဒါန်းမှုဖြင့် မင်းလှမြို့ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ဆောက်လုပ်ထားသည့် အောက်ဆီဂျင်စက်ရုံတွင် အောက်ဆီဂျင်စက် တပ်ဆင်ပြီးဖြစ်သည့်အတွက် ယခုအခါတွင် အောက်ဆီဂျင်စက်စတင်လည်ပတ်ပြီး အောက်ဆီဂျင် ထုတ်လုပ်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့နံနက် ၉နာရီခွဲ က ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။