သတင်းများ

ပဲတောင့်ရှည် စိုက်ပျိုးရောင်းချသူများ မိသားစုပုံမှန်ဝင်ငွေရရှိနေ
Nov 08,2021
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ တပင်ရွှေထီးရပ်ကွက်တွင် မိသားစုတစ်ပိုင်တစ်နိုင်အဖြစ် (၃၁၃) ပဲတောင့်ရှည် စိုက်ပျိုး ရောင်းချသူ မိသားစုများ ပုံမှန်ဝင်ငွေရလျက်ရှိကြောင်း သိရသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ဓနုဖြူမြို့နယ်တွင် ကျင်းပ
Nov 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၁-ခုနှစ်၊ နိုဝင်ဘာလ၊ ၇ ရက်နေ့တွင် ကျရောက်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ယမန်နေ့၊ နံနက်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများစုပေါင်း၍ ဓနုဖြူမြို့၊ ပြည်လုံးချမ်းသာဘုရား၌ သန့်ရှင်းရေး ကုသိုလ်ယူ ဆောင်ရွက်ခဲ့ကြသည်။
မိုးညှင်းမြို့နယ် ဟိုပင်လူငယ်သင်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး  သင်တန်းဖွင့်လှစ်
Nov 08,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ဟိုပင်လူငယ်သင်တန်းကျောင်း၌ “သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေး”သင်တန်းကို ယနေ့နံနက်(၈)နာရီက ဖွင့်လှစ်ခဲ့သည်။
သီပေါမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ သိသိသာသာ လျော့နည်းလာ လျက်ရှိ
Nov 08,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ယမန်နေ့က ကိုဗစ်−၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာမရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
မအူပင်မြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်
Nov 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ဝန်ထမ်းများက မြို့ပေါ် ရပ်ကွက်များတွင် အသိပညာပေးနှိုးဆော်​ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ရှိ၊ မရှိ ရှောင်တခင် အခဲမဲ့စစ်ဆေး
Nov 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှု ရှိ၊ မရှိ ရှောင်တခင် အခမဲ့စစ်ဆေးပေးခြင်းကို ယမန်နေ့က မိုဘိုင်းရွေ့လျား သွားရောက်ကာ RDT Test Kit ဖြင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် စစ်ဆေးဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ဇလွန်မြို့နယ်တွင် သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
Nov 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် သဘာဝရေပြင်အတွင်းသို့ ငါးသယံဇာတများ ပေါကြွယ်ဝ၍ ငါးရိက္ခာဖူလုံစေရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင် ကမ်းနားရပ်ကွက် ကျီးပင်ဆိပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မြောင်းမြမြို့နယ်၊ မြကန်သာရပ်ကွက်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Nov 08,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊​​ မြောင်းမြမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ  “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ​ ယမန်နေ့နံနက်(၉)နာရီက. မြကန်သာရပ်ကွက် ဓမ္မာရုံတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။