ပန်းတနော် နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် (၃၃)နှစ်မြောက် အထွေထွေအုပ်ချုပ် ရေးဦးစီး ဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူခြင်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဗိုလ်က လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်း စဉ်များနှင့်ဌာန၏ သမိုင်းကြောင်းအား ရှင်းလင်းပြောကြားခဲ့ကာ မိမိတို့ဝန်ထမ်းများအနေဖြင့်ဌာန လုပ်ငန်းတာဝန်များကို အရှိန်အဟုန်မပျက် ဆက်လက်ကြိုးစား ဆောင်ရွက်သွားကြရန် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အမှတ်တရလက်ဆောင်ပစ္စည်းများကို ကံစမ်းမဲများ ဖောက်ပေးခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများကို အကျွေးအမွေးများဖြင့် ဧည့်ခံခဲ့ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)