သတင်းများ

စလင်းမြို့နယ် အင်းပုတ်ကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ထုတ်လုပ်နည်းပညာ သင်တန်းဖွင့်လှစ်
Nov 08,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ မန်ကျီးပင်ပုကျေးရွာအုပ်စု၊ အင်းပုတ်ကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီအချိန် က အင်းပုတ်ကျေးရွာဓမ္မာရုံတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်နည်းပညာ သင်တန်းဖွင့်လှစ်ပေးလျက် ရှိသည်။
ကျောက်တံခါးမြို့နယ်တွင် အသက် ၁၈ နှစ်အထက်ရှိသူများ၊ မသန်စွမ်းသူများအား ဒုတိယအကြိမ် ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးနှံပေး
Nov 08,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အသက် ၁၈နှစ်နှင့်အထက်ရှိသူများ၊ မသန်စွမ်းသူများ၊ ကူးစက်ရောဂါ မဟုတ်သည့် နာတာရှည်ရောဂါ ဖြစ်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ကျောက်တံခါးမြို့နယ် စည်ပင်သာယာခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်အတွင်းရှိ‌ ကျေးရွာများ၌ ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Nov 08,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဌာနမှ “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ ယမန်နေ့ နံနက်(၈)နာရီက စော်ကဲကျေးရွာအုပ်စုနှင့် ရွှေကုန်းကျေးရွာအုပ်စုရှိ ပြည်သူများ အတွက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ခရမ်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Nov 08,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသား အရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေးအတွက် မေလ ပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၈) နာရီအချိန်က စတင်၍ ခရမ်းမြို့နယ်၊ ညောင်လန်းကျေးရွာတွင် ခရမ်းမြို့နယ်မြို့နယ် ဦးစီးမှူး ဦးမောင်မောင်သန်းနှင့် ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဗန်းမော်တက္ကသိုလ်၌ နည်းပြ၊ သရုပ်ပြ ဆရာဆရာမ သစ်လွင်များကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်လှစ်
Nov 08,2021
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဗန်းမော် တက္ကသိုလ်၌ နည်းပြ၊ သရုပ်ပြ ဆရာဆရာမ သစ်လွင်များကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဗန်းမော်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပိုင်ကျုံတိုက်နယ်‌ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအသုတ် (ဒုတိယ)အကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Nov 08,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု   အမြန်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်   သံဃာတော်များ၊   အသက်(၁၈) နှစ်အထက် ဒေသခံပြည်သူများ၊    အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိ နေသေးသည့်  ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများနှင့်  ဈေးရောင်းသူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီ အချိန်က ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ၊ပုသိမ်ပညာရေးဒီဂရီကောလိပ်နှင့် ပုသိမ်တက္ကသိုလ် တို့၏ နည်းပြ ၊ သရုပ်ပြနှင့် အခြေခံပညာဆရာ၊ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းတက်ရောက်
Nov 08,2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ နှင့်အတူ ယနေ့နံနက် ၇:၄၅ အချိန်က ပုသိမ်ဒီဂရီကောလိပ်၊ ပညာရတနာခန်းမ၌ ကျင်းပသော နည်းပြ ၊ သရုပ်ပြ နှင့် အခြေခံပညာ ဆရာ၊ ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
ဘားအံပညာရေးဒီဂရီကောလိပ်တွင် အသစ်ခန့်အပ်သော ဆရာ၊ ဆရာမများ မွမ်းမံသင်တန်း ဖွင့်လှစ်
Nov 08,2021
ဘားအံပညာရေးဒီဂရီကောလိပ်တွင် အသစ်ခန့်အပ်သော နည်းပြ/သရုပ်ပြ ဆရာ၊ဆရာမများနှင့် အခြေခံ ပညာကျောင်းများတွင် အသစ်ခန့်အပ်သော လက်ထောက်မူလတန်းပြနှင့် လက်ထောက် အလယ်တန်းပြ ဆရာ၊ ဆရာမများ၏ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ ခန့်က ဘားအံပညာရေး ဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပသည်။