ကျိုက်လတ်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအခြေခံ စက်ချုပ်သင်တန်း ဖွင့်လှစ်
Nov 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးလက်နေ အမျိုးသမီးငယ်များ စွမ်းဆောင်ရည် မြင့်မားလာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြုအခြေခံ စက်ချုပ်သင်တန်းကို ယနေ့နံနက်၁၀နာရီက ကျိုက်လတ်မြို့နယ်အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းတွင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။