ရှမ်းရွာသစ်မြို့ ကွီးလေးကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆက်လက် ဆောင်ရွက်

ရှမ်းရွာသစ် နိုဝင်ဘာ ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်းရှိ ဒေသခံပြည်သူများအား "လူနေမှုဘဝပြည့်စုံ ဖို့နိုင်ငံသားကတ်ကိုင်ကြစို့ "ပန်းခင်း စီမံချက်" ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများပြုလုပ်ပေးခြင်းကို  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ကွီးလေး ကျေးရွာသို့ ကွင်းဆင်းပြီး ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ မြို့ဦးစီးမှူးရုံးမှူးရုံးမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက တိုင်းရင်းသားတိုင်း၊ နိုင်ငံသားဖြစ်ခွင့်ရှိသူတိုင်း မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများ ရရှိရေးအတွက် ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ ဦးစားပေးအလိုက် စနစ်တကျကွင်းဆင်း၍ လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း၊  နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုလည်း စနစ်တကျ ထိန်းသိမ်း၍ ကိုင်တွယ်အသုံးပြုရန် အချက်များကို  ရှင်းလင်းပြောကြား ခဲ့ပြီး ကွီးလေးကျေးရွာအတွင်းရှိ အိမ်ထောင်စုများမှ ကိုင်ဆောင်လက်မှတ် မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းများ ဆောင်ရွက်ပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)