နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၁၀၇၂)ဦးရှိ
Nov 08,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ ဖျားနာသူများ၊ အနံ့ပျောက်ဝေဒနာ ခံစားနေရသူများမှ မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က အနံ့ပျောက်ဝေဒနာ ခံစားနေရသူ(၁၄)ဦး လာရောက် စစ်ဆေးခဲ့ကြရာ (၁)ဦးမှာ ပိုးတွေ့ရှိခဲ့သည့်အတွက် ကိုဗစ်-၁၉အတည်ပြုလူနာ ယနေ့ အထိ စုစုပေါင်း(၁၀၇၂)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။