ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ပန်းချီပြိုင်ပွဲ ကျင်းပ

ဆိပ်ဖြူ     နိုဝင်ဘာ  

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်မြို့နယ် ပန်းချီဆရာတို့ ပူးပေါင်းဖွင့်လှစ်သည့် ကျောင်းသား/ကျောင်းသူများ ပန်းချီပညာမွမ်းမံသင်တန်း ပန်းချီပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်း က  ကျင်းပကြောင်း သိရသည်။

အဆိုပါသင်တန်းကို ကျောင်းသား/ကျောင်းသူများ ပန်းချီပညာလေ့လာဆည်းပူးနိုင်ပြီး အသိဉာဏ် ပညာဖွံ့ဖြိုးတိုးတက်လာစေရန်၊ မိမိတို့၏ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုး တန်ဖိုးထားကာပန်းချီပညာရပ်ဖြင့် ပုံဖော်ရေးဆွဲနိုင်ပြီး မိမိတို့ကျောင်းများတွင် ကျင်းပပြုလုပ်သည့် ပန်းချီပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်နိုင်စေရန် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီဆရာတို့က ပန်းချီပညာမွမ်းမံသင်တန်းကို အောက်တိုဘာလ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများ ပန်းချီပညာရပ်နှင့် ပတ်သက်သည့် သင်ခန်းစာများကို စာတွေ့ လက်တွေ့သင်ခန်းစာများ၊ အရောင်ရွေးစပ်ခြင်းနှင့် ခဲပန်းချီ၊ ပုံတူပန်းချီ၊ အောက်ဒိုးပန်းချီ ရေးဆွဲနည်းများ သင်ကြားပြသပေးပြီး ကျောင်းသားကျောင်းသူများ၏ သင်ယူမှတ်သားမှုကို ပြန်လည်ဆန်းစစ်သည့်အနေဖြင့် အောက်ဒိုးပန်းချီပြိုင်ပွဲနှင့် ရုပ်ပြောင်ကာတွန်း၊ ပုံတူပန်းချီ၊ ခဲပန်းချီပြိုင်ပွဲများ  ကျင်းပပေးရခြင်းဖြစ်ကြောင်း  ပန်းချီသင်တန်းဆရာ ဦးဇော်ဇော်လင်း က ပြောကြားချက်အရ သိရသည်။

ကိုဇွဲ    (အညာမြေ)