မင်းလှမြို့နယ်၌ အောက်ဆီဂျင်စက်စတင်လည်ပတ်နေမှုအား မြို့နယ်စီမံအုပ်ရေးအဖွဲ့မှ ကြည့်ရှုစစ်ဆေး

အထက်မင်းလှ   နိုဝင်ဘာ 

မကွေးတိုင်းဒေသကြီး၊      သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများအား         ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင်   အောက်ဆီဂျင်လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက်  မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေထောက်ပံ့ပေးမှု၊ မြို့နယ်အတွင်းရှိ ပြည်သူများ၏ပူးပေါင်းပါဝင် ထည့်ဝင်လှူဒါန်းမှုဖြင့် မင်းလှမြို့ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ဆောက်လုပ်ထားသည့် အောက်ဆီဂျင်စက်ရုံတွင်  အောက်ဆီဂျင်စက် တပ်ဆင်ပြီးဖြစ်သည့်အတွက် ယခုအခါတွင် အောက်ဆီဂျင်စက်စတင်လည်ပတ်ပြီး            အောက်ဆီဂျင် ထုတ်လုပ်လျက်ရှိရာ       မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက             ယနေ့နံနက် ၉နာရီခွဲ က ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အောက်ဆီဂျင်လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေ ထောက်ပံ့ပေးမှု၊   မင်းလှမြို့နယ်အတွင်းရှိ      ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော်များ၊ ဒေသခံပြည်သူများနှင့် စေတနာရှင်အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့်        မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း၌          အောက်ဆီဂျင်စက်ရုံ အဆောက်အဦ အလျား၄၈ပေ၊ အနံ၂၄ပေအား တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါတွင်     အောက်ဆီဂျင်စက် တပ်ဆင်ပြီးဖြစ်၍  အောက်ဆီဂျင်စတင်ထုတ်လုပ်လျက်ရှိသည်။

မင်းလှမြို့၌ အောက်ဆီဂျင်စက်စတင်လည်ပတ်လျက်ရှိရာ         တစ်နေ့လျှင်‌‌အောက်ဆီဂျင် ၄၀လီတာအိုး အလုံး၈၀ထုတ်လုပ်နိုင်ပြီး         မြို့နယ်အတွင်းရှိ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့်         အရေးပေါ်အောက်ဆီဂျင်လိုအပ်မှုများကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)