သတင်းများ

ရှမ်းရွာသစ်မြို့ ကွီးလေးကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆက်လက် ဆောင်ရွက်
Nov 08,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်းရှိ ဒေသခံပြည်သူများအား "လူနေမှုဘဝပြည့်စုံ ဖို့နိုင်ငံသားကတ်ကိုင်ကြစို့ "ပန်းခင်း စီမံချက်" ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများပြုလုပ်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ကွီးလေး ကျေးရွာသို့ ကွင်းဆင်းပြီး ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ (သတ္တမ)အကြိမ်မြောက် စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာပွဲ ကျင်းပ
Nov 08,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၏ စုပေါင်း ဘုံကထိန်အလှူတော် မင်္ဂလာပွဲကို  ယမန်နေ့နံနက် ၉ နာရီက ကောင်ရာရပ်ကွက် ဓမ္မဝါဒီ ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပခဲ့ကြသည်။
ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာအုပ်စုတွင် နိုင်ငံသားစိစစ်ရေးကဒ်များ ပန်းခင်း စီမံ ချက်ဖြင့် ဆောင်ရွက်ပေး
Nov 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းနိုင်ကြီးမှူး၍ဌာန ဝန်ထမ်း များနှင့် အတူ အကြောင်းအမျိုးမျိုးကြောင့်
ကျောက်ပန်းတောင်းမြို့နယ်တွင် ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေ
Nov 08,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့်၊ ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အတွက်၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ယနေ့ နံနက် (၇) နာရီက မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများက လူစည်ကားရာ မြို့လယ်လမ်းဆုံမှနေ၍ အသိပညာပေးလက် ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံ ရေပိုလွှဲမှ (၁ ဒသမ ၁)ပေ ရေကျော်ကျလျက်ရှိ
Nov 08,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဆည်အောက်ရှိတောင်သူများ စိုက်ပျိုးရေးအတွက် မှီခိုအားထားရသည့် နတ်မောက်ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှုများလာပြီး တမံရေပိုလွှဲမှ ယနေ့နံနက် (၆)နာရီအချိန် တိုင်းထွာချက်အရ (၁ ဒသမ ၁)ပေခန့် ရေကျော်ကျကြောင်း အဆိုပါ နတ်မောက်ရေလှောင်တမံမှ တာဝန်ခံ ထံက သိရသည်။
ဆင်ပေါင်ဝဲမြို့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်
Nov 08,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၉နာရီခွဲအချိန် က အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ် မြန်မာကရင်စုကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၄၂)ခုအား နေ့ချင်းပြီးဆောင်ရွက်ပေး
Nov 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားတစ်မျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်၉ နာရီကမြန်မာ ကရင်စုကျေးရွာအုပ်စုတွင် ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Nov 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ``လူမှုဘဝပြည့်စုံဖို့ နိုင်ငံ သားကတ်ကို ကိုင်ကြစို့” ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ရွာသစ်ကျေးရွာအုပ်စု၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။