ဘူးသီးတောင်မြို့ မြတောင်ကယ်ဆယ်ရေးတိုက်ပွဲရှောင် ကယ်ဆယ်ရေးစခန်း၌ Mobile Library ကွင်းဆင်းဆောင်ရွက်ပြီး ကလေးများဗဟုသုတရရှိစေရန် ပုံပြင်ပြောအစီအဉ် ဆောင်ရွက်

ဘူးသီးတောင် နိုဝင်ဘာ ၈

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ မြတောင်တိုက်ပွဲရှောင် ကယ်ဆယ်ရေးစခန်းရှိကလေးငယ်များ အသိပညာဗဟုသုတရရှိစေရန်၊  အားလပ်ချိန်များကို အကျိုးရှိစွာ  အသုံးချတတ်စေရန်နှင့် စဉ်းစားတွေးခေါ်မှု  ဉာဏ်များရင့်သန်လာစေရန်  ရည်ရွယ်၍  ကလေးငယ်များအား  ပုံပြင်ပြောအစီအစဉ်ကို  ယနေ့နံနက် (၁၀)နာရီအချိန် က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးအောင်နှင့် ဝန်ထမ်းများ ပူးပေါင်း၍ မြတောင်တိုက်ပွဲရှောင်စခန်းသို့ သွားရောက်ကာ ကျန်းမာရေးဝန်ကြီးဌာန၏  လမ်းညွှန်ချက်များနှင့်အညီ    Mobile Library ကွင်းဆင်းဆောင်ရွက်ပြီး ကလေးများအတွက် ဗဟုသုတရရှိစေရန် ပုံပြင်ပြောအစီအဉ်များ ဆောင်ရွက်ခဲ့သည်။

အဆိုပါပုံပြင်ပြောပြခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက တိုင်းရင်းသားစာပေနှင့်  ယဉ်ကျေးမှုအဖွဲ့မှ  ထုတ်ဝေသည့်  ရုပ်ပြပုံပြင် စာအုပ်များကို  ဖတ်ပြပြီး  ပုံပြင်ထဲမှမှတ်သားဖွယ်ရာများကို  ကလေးများ  မှတ်သားနာယူ နိုင်စေရန်နှင့်  ပုံပြင်၏  အနှစ်သာရများကို ရယူတွေးခေါ်တတ်စေရန်  လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။

လှကျော်