ပြင်ဦးလွင် နိုဝင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း တိုးချဲ့ရပ်ကွက် (၁၁) မှ (၂၁) ထိ (၁၁) ရပ်ကွက်အား မြို့စည်ပင်သာယာရေးနယ်နိမိတ် သတ်မှတ်ကြော်ငြာခြင်းနှင့် ပတ်သက်သည့် တွေ့ဆုံရှင်းလင်းပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ရပ်ကွက်ကြီး (၅) ရှိ၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးများ တက် ရောက်ကြသည်။
ရှေးဦးစွာ ပြင်ဦးလွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်မှ အဖွင့် အမှာစကား ပြောကြားပြီး ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ပြည့်ဖြိုးဟန်မှ ဆွေးနွေးတင်ပြခြင်း၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ရဲမှူးကျော်ဝင်းမှ ဆွေးနွေးတင်ပြခြင်း၊ ပြင်ဦးလွင်မြို့နယ် စည်ပင် သာယာရေးအဖွဲ့ ခေတ္တအမှုဆောင်အရာရှိ ဦးဝင်းဗိုလ်နှင့် ပြင်ဉီးလွင်မြို့နယ် စည်ပင ်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးဇော်မြင့်တို့မှ အသီးသီးဆွေးနွေး တင်ပြကြ သည်။
ဆက်လက်ပြီး တက်ရောက်လာကြသော ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ မိမိတို့ ရပ်ကွက်များအလိုက် သိရှိလို သည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာဌာနခွဲ၊ ဌာနစိတ် တာဝန်ခံများမှ ပြန်လည်ဖြေကြားခဲ့ပြီး ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်မှ တင်ပြချက်များနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)