ညောင်လေးပင်မြို့နယ်၌ (၃၃) နှစ်မြောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

ညောင်လေးပင် နိုဝင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့တွင် ပြည်ထဲရေးဝန်ကြီးဌာန မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၏ (၃၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပခြင်းကို ယမန်နေ့ နံနက်ပိုင်းက ညောင်လေးပင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှုး ဦးမြို့နိုင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ဌာန၏သမိုင်းကြောင်းနှင့် ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်သည်များအား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ  လုပ်ငန်းဆောင်ရွက်ရာတွင် အချိန်မီပြီးစီးမှု၊ ထူးချွန်စွာ ဆောင်ရွက်နိုင်မှု၊ ကျင့်ဝတ်စည်းကမ်း လိုက်နာမှုများနှင့် ပတ်သက်ပြီးဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက အပျော်တမ်း အားကစား ပြိုင်ပွဲများ ပြုလုပ်ခဲ့ကြပြီး အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းယုန်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တတ်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)