မိုင်းရယ် နိုဝင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ မိုင်းရယ်မြို့၊ ပြည်သူ့ဆေးရုံ၊ မန်ကျောင်းပန်ရှင် ကျေးလက် ကျန်းမာရေးဌာနခွဲတို့တွင် ဦးတည်အုပ်စုများမှ အသက်(၁၈) နှစ်အထက် ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများအား အသီးသီး ထိုးနှံပေးခဲ့သည်။
မိုင်းရယ်မြို့၊ ပြည်သူ့ဆေးရုံ၊ မန်ကျောင်းပန်ရှင် ကျေးလက်ကျန်းမာရေးဌာနခွဲတို့တွင် အသက် (၁၈)နှစ်အထက် ဒုတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးအား(၁၈၀)ဦးနှင့် တတိယအသုတ် ပထမအကြိမ် (၉၅)ဦး ထိုးနှံပြီးစီးခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစီုးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်ဇင်ထိုက်