ကဝမြို့နယ်၌ အသက်(၁၈)နှစ် အထက်ရှိ ပြည်သူများကို ဒုတိယအကြိမ် ကိုဗစ်ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကဝ နိုဝင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် အသက်(၁၈)နှစ် အထက်ရှိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီး  ပြည်သူများအား  ဒုတိယအကြိမ် ကိုဗစ်ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို  ယနေ့ နံနက်(၉)နာရီက သတ်မှတ်စုရပ်(၂၀)တွင် ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

ကဝမြို့နယ်တွင် ကာကွယ်ဆေးများကို သတ်မှတ်စုရပ်များအလိုက် ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်းနှင့် ယနေ့တွင် သတ်မှတ်စုရပ် (၂၀)၌ ပြည်သူ(၇၈၇၃)ဦးအား ဒုတိယအကြိမ်  ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ပြီး    စုစုပေါင်း    ကာကွယ်ဆေးထိုးပြီးသူ ဦးရေ(၃၂၁၁၀)ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်    အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ထိုသို့ ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းကို  ကျန်းမာရေးဝန်ထမ်းများနှင့် အတူ ဌာနဆိုင်ရာ များ၊ ပရဟိတလူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်