သတင်းများ

ဝေါမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် တစ်နှစ်ခွဲအောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးတိုက်ခြင်း ကာကွယ်ဆေး ထိုးနှံပေးခြင်းဆောင်ရွက်
Nov 08,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ အသက် တစ်နှစ်ခွဲအောက် ကလေးငယ်များအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ရရှိခံစားနိုင်ရေး အတွက် ကူးစက်ရောဂါများ ကာကွယ်နိုင်ရေး ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ကိုဗစ်-၁၉ ညွှန်ကြားချက် များနှင့်အညီ နိုဝင်ဘာလ ပထမပတ်အဖြစ် ယနေ့ နံနက် ၈ နာရီက အရှေ့ဘက်ကမ်း ရပ်ကွက် ဆွမ်းလောင်းဓမ္မာရုံတွင် သားဖွားဆရာမ ဒေါ်ချိုမွန်သော်နှင့် ဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေး တိုက်ဆေးထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ပန်းတောင်းမြို့နယ်တွင် (၃၃)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ
Nov 08,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က (၃၃)နှစ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
လမိုင်းမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံသူ(၁၇၄၀)ရှိပြီး ယနေ့တွင် ဆက်လက် ထိုးနှံလျက်ရှိ
Nov 08,2021
မော်လမြိုင်ခရိုင် လမိုင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးသူ လျော့နည်းကျဆင်း လာသည်နှင့်အမျှ ရောဂါဖြစ်ပွားမှု တားဆီးထိန်းချုပ်လျော့နည်း ပပျောက်သွားစေရန်အတွက် မြို့နယ်ရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအဖွဲ့နှင့်အတူ ပြည်သူများ ပူးပေါင်းပါဝင် လာခြင်းကြောင့် ဆေးထိုးစုရပ်(၅)နေရာတွင် ကာကွယ်ဆေးများကို ယနေ့တွင် လည်း ဆက်လက် ထိုးနှံလျက်ရှိကြောင်း သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ
Nov 08,2021
မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုး ဦးဆောင်သော ဝန်ထမ်းများသည် ပြည်ထဲရေးဝန်ကြီးဌာန မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဘုရားအမှူးထား၍ မုံရွာမြို့ ရန်ကင်းကျောင်းတိုက် ဆရာတော် သံဃာတော် (၅)ပါးအား ပင့်ဖိတ်၍ အာရုံဆွမ်း ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၅)နာရီခွဲ က မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကရသူရိမြို့၌ မသန်စွမ်းသူများဆိုင်ရာ သိကောင်းစရာအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Nov 08,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက မသန်စွမ်းသူများဆိုင်ရာ သိကောင်း စရာအသိပညာ ပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ အရုပ်ဆက်ပြိုင်ပွဲ ကျင်းပ
Nov 08,2021
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းသား/ ကျောင်းသူကလေးငယ်များ စာကြည်တိုက်သို့လာရောက်ပြီး စာပေဖတ်ရှု လေ့လာသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးနှင့် ဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ကလေးစာဖတ်ခန်း၌ အရုပ်ဆက်ပြိုင်ပွဲကို ယနေ့နေ့လယ် ၁၂ နာရီအချိန် က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝန်းသိုမြို့နယ်တွင် စီးပွားဖြစ် မေမြို့ပန်းစိုက်ပျိုးသူများပြားလာ
Nov 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ဒေါင်းမြူးချောင်းနှင့် နန်းလိုင်းချောင်းကို အမှီပြု၍ စိုက်ပျိုးရေး လုပ်ကိုင် နေကြသော လက်ပံကြီးတော ကျေးရွာအုပ်စုနှင့် အနီးကျေးရွာ တောင်သူများသည် မေမြို့ပန်းများကို ပြည်တွင်း စျေးကွက်ကောင်းရရှိရေး မျှော်လင့်၍ စီးပွားဖြစ် မေမြို့ပန်းများကို ပိုမိုစိုက်ပျိုးကြလျက်ရှိသည်။
ဘုတ်ပြင်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Nov 08,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၁၁ နာရ အချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိ ပညာပေး Talk Show ကျင်း ပပြုလုပ်ခဲ့သည်။