ပွင့်ဖြူ နိုဝင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျစ်ကိုင်းကျေးရွာတွင် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်၊ (အောက်တိုဘာလမှ မတ်လအထိ) ခြောက်လမီနီဘတ်ဂျတ် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး အဆောက်အအုံသစ် အကောင်အထည်ဖော် ဆောက်လုပ်လျက်ရှိရာ ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက လုပ်ငန်းအရည်အသွေး ပြည့်မီရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများအဖွဲ့က တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်၊ (အောက်တိုဘာလမှ မတ်လ အထိ) ခြောက်လမီနီဘတ်ဂျတ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော် တည်ဆောက်နေသည့် အလျား(၂၇)ပေ၊ အနံ (၁၈)ပေ၊ အမြင့်(၁၀)ပေရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသစ် ဆောက်လုပ်နေမှုအခြေအနေအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ/ မရှိ တို့ကို ကြည့်ရှုစစ်ဆေးရာ ကျေးရွာတည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအဖွဲ့က ရုံးအဆောက်အအုံသစ် ဆောက်လုပ်နေမှုနှင့် ပတ်သက်ပြီး သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းဆွေးနွေး တင်ပြခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဌာနခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောက်လုပ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး အဆောက်အဦအား ရေရှည်တည်တံ့ကောင်းမွန်စေရေးအတွက် လုပ်ငန်းအရည်အသွေး ပြည့်မီအောင် အလေးထားဆောင်ရွက်သွားရန်နှင့် အဆောက်အဦနှင့် ပတ်သက်ပြီး စာရင်းစစ်အဖွဲ့၏ စစ်ဆေးမှုခံယူနိုင်အောင် ကုန်ကျစရိတ်စာရင်းများကို စနစ်တကျ ပြုစုထားရှိရန်တို့ကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် တိုင်းဒေသကြီးအထွေထေွအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်၊ (အောက်တိုဘာလမှ မတ်လအထိ) ခြောက်လမီနီဘတ်ဂျတ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး အဆောက်အအုံသစ် အကောင်အထည်ဖော် ဆောက်လုပ်ပေးခြင်းကို ပွင့်ဖြူမြို့နယ် ကျစ်ကိုင်းကျေးရွာ၊ ဆည်တော်ကျေးရွာ၊ သရက်အုပ်ကျေးရွာနှင့် ရွာသစ်ကုန်း ကျေးရွာတို့တွင် ဆောက်လုပ်ခွင့်ရရှိခဲ့ကြောင်း သိရကာ ကျေးရွာတည်ဆောက်လုပ်ငန်း ကြီးကြပ်မှုကော်မတီမှ တာဝန်ယူ ဆောက်လုပ်နေခြင်းဖြစ်ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန်နှင့် လုပ်ငန်းအရည်အသွေး ပြည့်မီရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အနီးကပ်ကြီးကြပ် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)