မိုင်းဆတ်မြို့ ဝိန်းနေရပ်ကွက်မှ  ကိုဗစ်-၁၉ရောဂါပိုးတွေ့အတည်ပြုလူနာ တစ်ဦးသေဆုံး

မိုင်းဆတ် နိုဝင်ဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့ ဝိန်းနေရပ်ကွက်မှ ကိုဗစ်-၁၉ရောဂါပိုးတွေ့အတည်ပြုလူနာ အမျိုးသမီးတစ်ဦး ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံတွင်သေဆုံးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီထံမှသိရသည်။

ဝိန်းနေရပ်ကွက်တွင်နေထိုင်သူ အသက်(၆၈)နှစ်ရှိအမျိုးသမီးအား ဝိန်းနေရပ်ကွက်ရှိ Positive Centerတွင် Quarantine ထားရှိကာ ဆေးကုသမှုပေးခဲ့ရာ အောက်ဆီဂျင်ကျသဖြင့် မြို့နယ်ပြည် သူ့ဆေးရုံ သီးသန့်ဆောင်သို့ ပြောင်းရွှေ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ် သေဆုံးသွားခဲ့ သည်။

မိုင်းဆတ်မြို့တွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၈၇၄)ဦး၊ ကျန်းမာရေးကောင်းမွန် ၍ နေအိမ်ပြန်ခွင့်ရရှိသူ(၅၂၇)ဦးနှင့် သေဆုံးသူ(၆)ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီထံမှသိရသည်။

မြင့်မောင်(မိုင်းဆတ်)