ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ပုံပါကျင် နိုဝင်ဘာ ၈

ရှမ်းပြည်နယ်(​အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်ကစာအုပ်၊ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် (Women Club) အသင်းတို့ပူးပေါင်း၍ ဒေသခံပြည်သူများ အနေဖြင့် စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေ ချစ်မြတ်နိုးသူများချစ်ခင်ရင်းနှီးမှု ပိုမိုတိုးတက်စေရေးအတွက်ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပုံပါကျင်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦစီးဌာနမှ မြို့ဦးစီးမှူးက စာဖတ်ဝိုင်း ကျင်းပပြုလုပ် ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန္တာဝင်းက စာရေးဆရာ အောင်သင်း ရေးသားထားသည့် "ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ" စာအုပ်မှ "လူငယ်များအတွက် ကြီးပွား‌ရေးရည်မှန်းချက်" အကြောင်း အရာနှင့် ပတ်သက်၍လည်းကောင်း၊ Book Club ဥက္ကဋ္ဌ ဦးထွန်းလင်းက "လူ့ဘဝမှာဘယ်အချိန်ဟာတန်ဖိုးရှိသလဲ" အကြောင်း အရာကို လည်းကောင်း၊ Book Club အဖွဲ့ဝင် ဒေါ်အေးဝင်းက "ရည်မှန်းချက်အောင်မြင်ရေး မည်သည့်အရာ အရေးကြီးကြောင်း၊ ဘယ်လိုအကောင် အထည်ဖော်ပြီးဆုံးဖြတ်သင့်ကြောင်း" အကြောင်းအရာကို လည်းကောင်း၊ Women Club ဥက္ကဋ္ဌ ဒေါ်အေးဝေမြင့်က "အကျိုးမျှော်လင့်ချက်ကင်းသော ယခုလက်ရှိ ပညာဆောင်ခြင်းဖြင့် ကြီးပွားတိုးတက်ရန်အတွက် အပို ဖြစ်မနေဘူးလား" အကြောင်း အရာကိုလည်းကောင်း၊ အသီးသီး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် Book Club၊Women Club အဖွဲ့ဝင်များက စာဖတ်ဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် ၎င်းတို့၏အမြင်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန္တာ(ပြန်/ဆက်)