လဲချားမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်‌ နိုင်ငံသားစိစစ်ရေးကတ်ပြား အရှိန်အဟုန်မြှင့်ကွင်းဆင်း ဆောင်ရွက်ပေး

လဲချား နိုဝင်ဘာ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊​ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်တွင် တက်မောက်ကျေးရွာအုပ်စု ဟိုလုံးကျေးရွာခန်းမတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့​သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် “ပြည်သူ့ဘဝပြည့်စုံဖို့နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့်ဝန်ထမ်းများက‌ တက်မောက်ကျေးရွာ အုပ်စု အတွင်းရှိ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသူ အသက်(၁၈) နှစ်အထက်(၇၀)ဦးနှင့် အိမ်ထောင်စု (၁၂) ခုတို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ လဲချားမြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပေးခြင်း လုပ်ငန်းများကို ကျေးရွာအုပ်စုများအလိုက်အဖွဲ့ခွဲ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။

လွှမ်းသူနောင် (လဲချား)