ပဲခူး နိုဝင်ဘာ ၈
ပဲခူးတက္ကသိုလ် စုဝေးခန်းမ၌ ယနေ့ နံနက်(၉)နာရီအချိန်က ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာန၊ ပဲခူးတက္ကသိုလ်နည်းပြ၊ သရုပ်ပြဆရာနှင့် ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်ခဲ့ သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပညာမြင့်မှ လူမျိုးတင့်မည် ဆိုသည့်အတိုင်း တိုင်းပြည်၏ အနာဂတ်အတွက် ပညာတတ်များ မွေးထုတ်ပေးရန် ဆရာ/ဆရာမများသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ တက္ကသိုလ်ပညာရေးစနစ်မှသည် လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်နိုင်သည့် လူ့စွမ်းအား အရင်းအမြစ်များအဖြစ် ဖော်ဆောင်ပေးနိုင်ရေးအတွက် မွမ်းမံသင်တန်း တက်ရောက်သည့် ဆရာ/ဆရာမအနေဖြင့် သင်ခန်းစာများကို ကြိုးကြိုးစားစား လေ့လာမှတ်သားသင်ယူသွားကြရန်နှင့် အခက်အခဲများရှိပါက တင်ပြပေးရန် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်မှ နည်းပြ၊ သရုပ်ပြဆရာနှင့် ဆရာမ သစ်လွင်များအား ကြိုဆိုနှုန်ခွန်းဆက် စကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမများအတွက် သဘက်စောင်အကြီး(၆၄)ထည်၊ ထောက်ပံ့ငွေကျပ် (၁၂၈၀၀၀ဝိ/-) နှင့် ပဲခူးတက္ကသိုလ်ရှိ ဆရာ/ဆရာမများအတွက် သီးခြားထောက်ပံ့ငွေကျပ်(၁၀)သိန်းတို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး သင်တန်းသား ဆရာ/ ဆရာမများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပဲခူးတက္ကသိုလ်နည်းပြ၊ သရုပ်ပြဆရာနှင့် ဆရာမ မွမ်းမံသင်တန်းအား နိုဝင်ဘာလ(၈)ရက်နေ့မှ (၁၂)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ဘက်စုံကျန်းမာရေးဝန်ထမ်း သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ကာ သင်တန်းသား (၁၇၆)ဦး အတွက် ထောက်ပံ့ငွေ ကျပ် (၃၅၂၀၀၀ဝိ/-)အား သင်တန်းသား/သူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေါက်တာသီဟက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သင်တန်းသား/သူများအား ရင်းရင်း နှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါဘက်စုံ ကျန်းမာရေးဝန်ထမ်း သင်တန်းအား ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၈)ရက်နေ့မှ ၂၀၂၂ခုနှစ် ဧပြီလ(၅) ရက်နေ့အထိ (၂၁)ပတ်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပဲခူးမြို့၊ ပဲခူးတက္ကသိုလ်အနီး ရန်ကုန်-မန္တလေး လမ်းနှင့် အနောက်ဘက်မြို့ ရှောင်လမ်းဆုံရာ နေရာအား အပန်းဖြေပန်းခြံနှင့် ဘုရင့်နောင်ရုပ်ထုထားရှိ နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြေဧရိယာသတ်မှတ် ခြံစည်းရိုးခတ်ရန်နှင့် မြေပြင်ရှင်းလင်းမှုများ ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(တိုင်းဒေသကြီးပြန်/ဆက်)