တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

တိုက်ကြီး နိုဝင်ဘာ

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကို​ဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု နှင့် ရောဂါကြောင့် သေဆုံးမှုများ လျော့နည်းလာစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဦးစားပေးအစီအစဉ်အရ  ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း များကို သတ်မှတ်ထားသော စုရပ်နေရာများတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဦးစားပေးအုပ်စုများအတိုင်း ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာလ ရက်နေ့တွင် အိုးတန်းရပ်ကွက်ရှိ ရွှေဂျိုးဖြူခန်းမ စုရပ်ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း (၁၄၀၀) ဦး လာရောက်ထိုးနှံခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ ကာကွယ်ဆေးလာရောက်ထိုးနှံသူ ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး ၏ ဦးဆောင်မှုဖြင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ကာကွယ်ဆေးထိုးနှံရာတွင် အသွားအလာ အဆင်ပြေ ချောမွေ့စေရေး ဆောင်ရွက်ပေးခြင်း ၊ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများအား QR Code စနစ် ပါဝင်သည့် စာရွက်များ ပြန်လည်ပေးအပ်ခြင်းတို့ကို  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင်