ကဝ နိုဝင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ က ပြည်သူများအတွက် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယမန်နေ့ နံနက်(၉)နာရီအချိန်မှ စတင်၍ ထဲနန်ကျေးရွာ၊ ရွှေညောင်ပင် ကျေးရွာ၊ ကံမြင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို ကဝမြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက ထဲနန်ကျေးရွာ၊ ရွေညောင်ပင်ကျေးရွာနှင့် ကံမြင့် ကျေးရွာရှိ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ၅၄ ကတ်၊ အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၂၅ ကတ် စုစုပေါင်း ၁၇၉ ကတ်တို့အား နေ့ချင်းပြီး အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား လဲလှယ်သူနှင့် ပျောက်ဆုံး၊ ပျက်စီးသူများအနေဖြင့် ရုံးတွင်လာရောက် လျှောက်ထားကြရန် မှာကြားခဲ့ကြောင်းနှင့် ကဝမြို့နယ်အနေဖြင့် ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၅၀၃ ကတ် ဆောင်ရွက်ပေးပြီး ၄၆.၆% ပြီးစီးကြောင်း ဒုတိယဦးစီးမှူး ဦးအောင်မိုးထံမှ သိရသည်။
မြို့နယ် ပြန်/ဆက်