မြစ်သားမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ဆက်လက်ထိုးနှံပေး

မြစ်သား   နိုဝင်ဘာ    ၁၀

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပြညာကျောင်းများမှ အသက်၁၂နှစ်နှင့် အထက် ကျောင်းသား/ကျောင်းသူများအား  ယမန်နေ့နံနက်(၉)နာရီအချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ  အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်နေရာများမှာ အ.ထ.က(ကူမဲ)၊ အ.ထ.က (ရွာခိုင်ကြီး)၊ အ.ထ.က(မြို့မ)၊အ.ထ.က(ခွဲ)မင်းဝန်နှင့် အ.ထ.က(ဒါးရဲကောင်း)စုစုပေါင်း စုရပ်နေရာ (၅)နေရာဖြစ်ပြီး ယနေ့တွင် အဆိုပါ စုရပ်နေရာများမှအထက်တန်းနှင့် အလယ်တန်းအဆင့် အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူ(၅၀)ဦးထိုးနှံပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြစ်သားမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ကာကွယ်ဆေးလာရောက်ထိုးနှံ ကြသော အသက်(၁၂)ပြည့်ပြီး ကျောင်းသားကျောင်းသူများနှင့် အုပ်ထိန်းသူမိဘများအား ကျန်းမာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်း များနှင့်အညီ ဆောင်ရွက် ပေးလျှက်ရှိပြီး မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြမြမွန်