မေတ္တာ နိုဝင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်တစ်ချို့များတွင် နိုဝင်ဘာလ(၉)ရက် ည(၈)နာရီအချိန်က ရှောင်တခင်ဧည့်စာရင်းစစ်ဆေးခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဧည့်စာရင်းစစ်ဆေးလုပ်ငန်းဆောင်ရွက်ရာတွင် မေတ္တာမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ နယ်မြေရဲစခန်း နှင့်နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများပူးပေါင်း၍ နိုင်ငံရေးအရသော်လည်းကောင်း၊ ပြစ်မှုကျူးလွန်ပြီး၍သော်လည်း ကောင်းထွက်ပြေးတိမ်းရှောင် ခိုအောင်းနေထိုင်ခြင်းရှိ/မရှိရှောင်တခင် ဧည့်စာရင်းလိုက်လံ စစ်ဆေးခဲ့သည်။
မေတ္တာမြို့တွင် ဧည့်စာရင်းများစစ်ဆေးခြင်းကို မေတ္တာမြို့အတွင်းတွင်တစ်ပတ်လျှင် (၁)ကြိမ် သက်ဆိုင်ရာ ရပ်ကွက်အလိုက် ရှောင်တခင်စစ်ဆေးလျှက်ရှိပြီးပြစ်မှုကျူးလွန်သူများကို ဖမ်းဆီး မိပါက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သက်ဆိုင်ရာတာဝန်ရှိသူထံမှသိရသည်။
နန်းခလိုက်(မေတ္တာ)