လှိုင်းဘွဲမြို့နယ်တွင် စတုတ္ထအသုတ်(ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

လှိုင်းဘွဲ    နိုဝင်ဘာလ  ၁၀

 ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် နိုင်ရန်နှင့် ကူးစက်ပျံ့နှံမှုမရှိစေရန်အတွက် စတုတ္ထအသုတ်(ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို  ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စောငြိမ်းထွန်းမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံနေသော ပြည်သူများအနေ ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေး လမ်းညွှန်ချက်နှင့်အညီ ထိုးနှံနိုင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပြီး လှိုင်းဘွဲမြို့နယ်တွင် စတုတ္ထအသုတ်(ဒုတိယအကြိမ်)ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အောက်တိုဘာလ(၇)ရက်နေ့မှ စတင်ထိုးနှံခဲ့ရာ ယမန်နေ့အထိ စုစုပေါင်း လူဦးရေ(၃၃၇၇)ဦး ထိုးနှံပြီးပြီးဖြစ် ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)